COVID-19 ကြောင့် ပျံလွန်ခဲ့သည့် သံဃာ နှင့် သီလရှင် (၁၈) ပါးရှိလာ


အောက်တွင်ယူနီကုဒ်ဖြစ် ဖတ်ရန်

 COVID-19 ေၾကာင့္ ပ်ံလြန္ခဲ့သည့္ သံဃာ ႏွင့္ သီလရွင္ (၁၈) ပါးရိွလာ

တစ္ႏိုင္ငံလံုးမွာ COVID-19 ကူးစက္ခံရၿပီး ပ်ံလြန္ေတာ္မူခဲ့တဲ့ သံဃာနဲ႔ သီလရွင္ (၁၈) ပါးထိ ရိွလာၿပီလို႔ သာသနာေရးႏွင့္ ယဥ္ေက်းမႈဝန္ႀကီးဌာန ၊ ၫြန္ၾကားေရးမွဴး ဦးေအာင္ဆန္းဝင္းကေျပာပါတယ္။

ဒီေန့ထိ ကူးစက္ခံရတဲ့ ရဟန္း၊ သာမေဏကေတာ့ အပါး(၁၀၅၇) ပါးနဲ႔ သီလရွင္ (၁၆၉) ပါး ရိွတဲ့ထဲက သံဃာ (၁၆) ပါးနဲ႔ သီလရွင္ ႏွစ္ပါး စုစုေပါင္း (၁၈) ပါးဟာ ပ်ံလြန္ေတာ္မူခဲ့တာလို႔ ၫြန္ၾကားေရးမွဴး ဦးေအာင္ဆန္းဝင္းက ေျပာပါတယ္။

" ပ်ံလြန္ေတာ္မူခဲ့တာေတာ့ ရဟန္း၊ သာမေဏက (၁၆) ပါး ရိွသြားၿပီ။ သီလရွင္က ႏွစ္ပါးေပါ့။ ကူးစက္ခံရတဲ့သူေတြထဲ အကုန္ပါတာေပါ့ " လို႔ ၫြန္ၾကားေရးမွဴး ဦးေအာင္ဆန္းဝင္းက ေျပာပါတယ္။ 

အခု ကူးစက္ခံရၿပီး ပ်ံလြန္ေတာ္မူခဲ့တဲ့ သံဃာနဲ႔ သီလရွင္အမ်ားစုကေတာ့ ရန္ကုန္တိုင္းေဒသႀကီးအတြင္း ေက်ာင္းတိုက္ေတြက ျဖစ္တယ္လို႔ ၫြန္ၾကားေရးမွဴး ဦးေအာင္ဆန္းဝင္းက ေျပာပါတယ္။

ကူးစက္ခံရတဲ့ သံဃာနဲ႔ သီလရွင္ေတြ အမ်ားစုကေတာ့ ျပန္လည္သက္သာလာၿပီး ေဆးရံုကုသေရး စင္တာေတြက ျပန္ဆင္းသြားတာေတြလည္း ရိွတယ္လို႔ ဆိုပါတယ္။

အခုလက္ရိွ ကမ႓ာ့ေအးသံဃာေဆးရံုမွာေတာ့ COVID-19 ကူးစက္ခံရတဲ့ သံဃာေတာ္ေတြကို ကုသေစာင့္ေရွာက္မႈေပးဖို႔ ျပင္ဆင္ေနတာ မၾကာမီ ၿပီးစီးေတာ့မယ္လို႔ သိရပါတယ္။


ယူနီကုဒ်ဖြစ် ဖတ်ရန်

COVID-19 ကြောင့် ပျံလွန်ခဲ့သည့် သံဃာ နှင့် သီလရှင် (၁၈) ပါးရှိလာ

တစ်နိုင်ငံလုံးမှာ COVID-19 ကူးစက်ခံရပြီး ပျံလွန်တော်မူခဲ့တဲ့ သံဃာနဲ့ သီလရှင် (၁၈) ပါးထိ ရှိလာပြီလို့ သာသနာရေးနှင့် ယဥ်ကျေးမှုဝန်ကြီးဌာန ၊ ညွန်ကြားရေးမှူး ဦးအောင်ဆန်းဝင်းကပြောပါတယ်။
ဒီနေ့ထိ ကူးစက်ခံရတဲ့ ရဟန်း၊ သာမဏေကတော့ အပါး(၁၀၅၇) ပါးနဲ့ သီလရှင် (၁၆၉) ပါး ရှိတဲ့ထဲက သံဃာ (၁၆) ပါးနဲ့ သီလရှင် နှစ်ပါး စုစုပေါင်း (၁၈) ပါးဟာ ပျံလွန်တော်မူခဲ့တာလို့ ညွန်ကြားရေးမှူး ဦးအောင်ဆန်းဝင်းက ပြောပါတယ်။
" ပျံလွန်တော်မူခဲ့တာတော့ ရဟန်း၊ သာမဏေက (၁၆) ပါး ရှိသွားပြီ။ သီလရှင်က နှစ်ပါးပေါ့။ ကူးစက်ခံရတဲ့သူတွေထဲ အကုန်ပါတာပေါ့ " လို့ ညွန်ကြားရေးမှူး ဦးအောင်ဆန်းဝင်းက ပြောပါတယ်။
အခု ကူးစက်ခံရပြီး ပျံလွန်တော်မူခဲ့တဲ့ သံဃာနဲ့ သီလရှင်အများစုကတော့ ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျောင်းတိုက်တွေက ဖြစ်တယ်လို့ ညွန်ကြားရေးမှူး ဦးအောင်ဆန်းဝင်းက ပြောပါတယ်။
ကူးစက်ခံရတဲ့ သံဃာနဲ့ သီလရှင်တွေ အများစုကတော့ ပြန်လည်သက်သာလာပြီး ဆေးရုံကုသရေး စင်တာတွေက ပြန်ဆင်းသွားတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။
အခုလက်ရှိ ကမ္ဘာ့အေးသံဃာဆေးရုံမှာတော့ COVID-19 ကူးစက်ခံရတဲ့ သံဃာတော်တွေကို ကုသစောင့်ရှောက်မှုပေးဖို့ ပြင်ဆင်နေတာ မကြာမီ ပြီးစီးတော့မယ်လို့ သိရပါတယ်။

Credit

No comments:

Post a Comment

One Championship ရဲ့ ပါဝါအားအပြင်းဆုံးနဲ့ အကြမ်းဆုံးဆုကိုရရှိခဲ့တဲ့ အောင်လအန်ဆန်း

အောက်တွင်ယူနီကုဒ်ဖြစ် ဖတ်ရန် One Championship ရဲ့ ပါဝါအားအျပင္းဆံုးနဲ႔ အၾကမ္းဆံုးဆုကိုရရိွခဲ့တဲ့ ေအာင္လအန္ဆန္း ပရိတ္သတ္ႀကီးေရ ျမန္မာျပည္သူတိ...