ဖိလစ်ပိုင်လေတပ်အနေဖြင့် အနီးကပ်ပစ်ကူပေး Super Tucanos လေယာဉ် ၆ စီးလက်ခံရရှိ၊ ထပ်မံဝယ်ယူရန်လည်း စိတ်ဝင်စားနေ

ဖိလစ္ပိုင္ေလတပ္အေနျဖင့္ အနီးကပ္ပစ္ကူေပး Super Tucanos ေလယာဥ္ ၆ စီးလက္ခံရရွိ၊ ထပ္မံဝယ္ယူရန္လည္း စိတ္ဝင္စားေန

ဖိလစ္ပိုင္ေလတပ္အေနျဖင့္ Boeing ႏွင့္ Airbus ကုမၸဏီႏွစ္ခုၿပီးလွ်င္အရပ္ဘက္ေလယာဥ္တီထြင္ထုတ္လုပ္မႈ တတိယအႀကီးဆုံးျဖစ္သည့္ Embraer အဖြဲ႕အစည္းထံမွ အနီးကပ္ပစ္ကူေပး Super Tucanos ေလယာဥ္ ၆ စီးလက္ခံရရွိခဲ့ၿပီျဖစ္ေၾကာင္း သိရွိရသည္။

အဆိုပါေလယာဥ္မ်ား၏ စြမ္းေဆာင္နိုင္မႈအေျခအေနေၾကာင့္ ထပ္မံဝယ္ယူရန္လည္း စိတ္ဝင္စားေနသည္ဟု ၎ေလယာဥ္မ်ားတပ္ေတာ္ ဝင္အခမ္းအနားတြင္ ေလတပ္ဦးစီးခ်ဳပ္ျဖစ္သူ Lieutenant General Allen T က AFP သို႔ေျပာၾကားခဲ့ပါသည္။

အဆိုပါေလယာဥ္မ်ားကို 15th Strike Wing ၌ ထားရွိမည္ျဖစ္ကာ ၎၏ ႀကီးၾကပ္ကြပ္ကဲမႈျဖင့္ အနီးကပ္ေလေၾကာင္းတိုက္ခိုက္ျခင္း၊ ကင္းေထာက္ျခင္း၊ ေဝဟင္မွေဝဟင္ ၾကားျဖတ္တိုက္ခိုက္ျခင္း၊ ေသာင္းက်န္သူတန္ျပန္ေခ်မႈန္းမႈႏွင့္ အဆင့္ျမႇင့္ေလ့က်င့္ေရးမ်ားအတြက္ အသုံးျပဳမည္ျဖစ္သည္ဟုဆိုသည္။

ဖိလစ္ပိုင္ေလတပ္အေနျဖင့္ ၂၀၁၇ ခုႏွစ္ကတည္းက အဆိုပါေလယာဥ္မ်ားကိုမွာယူထားခဲ့ျခင္းလည္းျဖစ္သည္။

ယူနီကုဒ်ဖြစ် ဖတ်ရန်

ဖိလစ်ပိုင်လေတပ်အနေဖြင့် အနီးကပ်ပစ်ကူပေး Super Tucanos လေယာဉ် ၆ စီးလက်ခံရရှိ၊ ထပ်မံဝယ်ယူရန်လည်း စိတ်ဝင်စားနေ

ဖိလစ်ပိုင်လေတပ်အနေဖြင့် Boeing နှင့် Airbus ကုမ္ပဏီနှစ်ခုပြီးလျှင်အရပ်ဘက်လေယာဉ်တီထွင်ထုတ်လုပ်မှု တတိယအကြီးဆုံးဖြစ်သည့် Embraer အဖွဲ့အစည်းထံမှ အနီးကပ်ပစ်ကူပေး Super Tucanos လေယာဉ် ၆ စီးလက်ခံရရှိခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။

အဆိုပါလေယာဉ်များ၏ စွမ်းဆောင်နိုင်မှုအခြေအနေကြောင့် ထပ်မံဝယ်ယူရန်လည်း စိတ်ဝင်စားနေသည်ဟု ၎င်းလေယာဉ်များတပ်တော် ဝင်အခမ်းအနားတွင် လေတပ်ဦးစီးချုပ်ဖြစ်သူ Lieutenant General Allen T က AFP သို့ပြောကြားခဲ့ပါသည်။

အဆိုပါလေယာဉ်များကို 15th Strike Wing ၌ ထားရှိမည်ဖြစ်ကာ ၎င်း၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် အနီးကပ်လေကြောင်းတိုက်ခိုက်ခြင်း၊ ကင်းထောက်ခြင်း၊ ဝေဟင်မှဝေဟင် ကြားဖြတ်တိုက်ခိုက်ခြင်း၊ သောင်းကျန်သူတန်ပြန်ချေမှုန်းမှုနှင့် အဆင့်မြှင့်လေ့ကျင့်ရေးများအတွက် အသုံးပြုမည်ဖြစ်သည်ဟုဆိုသည်။

ဖိလစ်ပိုင်လေတပ်အနေဖြင့် ၂၀၁၇ ခုနှစ်ကတည်းက အဆိုပါလေယာဉ်များကိုမှာယူထားခဲ့ခြင်းလည်းဖြစ်သည်။

Credit

No comments:

Post a Comment

One Championship ရဲ့ ပါဝါအားအပြင်းဆုံးနဲ့ အကြမ်းဆုံးဆုကိုရရှိခဲ့တဲ့ အောင်လအန်ဆန်း

အောက်တွင်ယူနီကုဒ်ဖြစ် ဖတ်ရန် One Championship ရဲ့ ပါဝါအားအျပင္းဆံုးနဲ႔ အၾကမ္းဆံုးဆုကိုရရိွခဲ့တဲ့ ေအာင္လအန္ဆန္း ပရိတ္သတ္ႀကီးေရ ျမန္မာျပည္သူတိ...