ပဲခူးတိုင္း၊ ေညာင္ေလးပင္ၿမိဳ႕နယ္မွာ ေအာက္တိုဘာ ၁၅ ရက္က ကိုဗစ္-၁၉ အတည္ျပဳလူနာသစ္ ၁၀ ဦး ထပ္မံေတြ႕ရွိခဲ့ၿပီး ေဆး႐ုံေတြမွာ ေနရာအခက္ခဲရွိလာတာေၾကာင့္ ယာယီေဆး႐ုံ အေရးေပၚလိုအပ္ေနတယ္လို႔ ၿမိဳ႕နယ္က်န္းမာေရးဦးစီးဌာနက ေျပာပါတယ္။
ေအာက္တိုဘာ ၁၄ ရက္က အမ်ိဳးသားဓာတ္ခြဲဌာနကို ဓာတ္ခြဲနမူနာ ၁၂၁ ခု ေပးပို႔စစ္ေဆးရာမွာ လူနာသစ္ ၁၀ ဦး ေတြ႕ရွိခဲ့တာျဖစ္ပါတယ္။
အတည္ျပဳလူနာသစ္ ၁၀ ဦးဟာ မဂၤလာဒုံၿမိဳ႕နယ္ မွန္ဘီလူးစက္႐ုံလုပ္သား ၈ ဦး၊ ေျမာက္ဥကၠလာပၿမိဳ႕နယ္က ျပန္လာသူ ၁ ဦး၊ ကိုဗစ္-၁၉ အတည္ျပဳလူနာနဲ႕ ထိေတြ႕ခဲ့သူ ၁ ဦးတို႔ျဖစ္ၿပီး ကြာရန္တင္းစင္တာေတြမွာ အသြားအလာ ကန့္သတ္ ေစာင့္ၾကည့္ထားရွိသူေတြျဖစ္ၾကပါတယ္။
အတည္ျပဳလူနာသစ္ ၁၀ ဦးကို ၿမိဳ႕နယ္တိုင္းရင္းေဆး႐ုံ၊ ၿမိဳ႕နယ္ျပည္သူ႕ေဆး႐ုံနဲ႕ တိုက္နယ္ေဆး႐ုံတို႔မွာ ေဆးကုသေပးေနၿပီ လူနာအားလုံးဟာ ေရာဂါလကၡဏာမျပဘဲ အေျခအေနေကာင္းတယ္လို႔ ေညာင္ေလးပင္ၿမိဳ႕နယ္ဆရာဝန္ႀကီး ေဒါက္တာေသာင္းဒန္ဦးက ဒီဗြီဘီကို ေျပာပါတယ္။
ေညာင္ေလးပင္ၿမိဳ႕နယ္ ကြာရန္တင္းစင္တာ ၄၀ ေက်ာ္ရွိ လူေတြကို ဓာတ္ခြဲနမူနာေပးပို႔ စစ္ေဆးေနတာျဖစ္ၿပီး ကိုဗစ္-၁၉ အတည္ျပဳလူနာေတြ ထပ္ေတြ႕လာပါက ေဆး႐ုံမွာ ေနရာအခက္အခဲရွိလာနိုင္တာေၾကာင့္ ယာယီေဆး႐ုံ အေရးေပၚ လိုအပ္ေနတယ္လို႔ ဆိုပါတယ္။
ၿမိဳ႕နယ္ဆရာဝန္ႀကီး ေဒါက္တာေသာင္းဒန္ဦးက “ဒီေန႕နဲ႕ေနာက္ရက္ေတြ႕မွာ ဓာတ္ခြဲနမူနာ ထပ္ပို႔လို႔ လူနာေတြ ထပ္တိုးလာပါက ေနရာအခက္အခဲရွိလာနိုင္တယ္။ မေန႕ကတခါ အစည္းအေဝး လုပ္တယ္။ ဒီေန႕လည္း အစည္းအေဝးထပ္လုပ္ၿပီးရင္ေတာ့ သာသနာ့ဗိမၼာန္၊ ဒါမွမဟုတ္ရင္ အားကစား႐ုံေပါ့၊ အားကစား႐ုံေတာ့ ျဖစ္ဖို႔ မ်ားပါတယ္။ ယာယီေဆး႐ုံေဆာက္ဖို႔ေလ၊ အေရးေပၚေတာ့ လုပ္ရမွာေပါ့။”
ေညာင္ေလးပင္ၿမိဳ႕နယ္မွာ ကိုဗစ္ဒုတိယလွိုင္းကာလ စက္တင္ဘာ ၂၆ ရက္ေန႕ကစၿပီး ဒီေန႕အထိ ကိုဗစ္-၁၉ အတည္ျပဳလူနာ ၂၉ ဦးထိ ရွိလာေနၿပီး ၁ ဦးက ေဆး႐ုံဆင္းခြင့္ ရရွိထားတယ္လို႔ သိရပါတယ္။
ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်မှာ အောက်တိုဘာ ၁၅ ရက်က ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၁၀ ဦး ထပ်မံတွေ့ရှိခဲ့ပြီး ဆေးရုံတွေမှာ နေရာအခက်ခဲရှိလာတာကြောင့် ယာယီဆေးရုံ အရေးပေါ်လိုအပ်နေတယ်လို့ မြို့နယ်ကျန်းမာရေးဦးစီးဌာနက ပြောပါတယ်။
အောက်တိုဘာ ၁၄ ရက်က အမျိုးသားဓာတ်ခွဲဌာနကို ဓာတ်ခွဲနမူနာ ၁၂၁ ခု ပေးပို့စစ်ဆေးရာမှာ လူနာသစ် ၁၀ ဦး တွေ့ရှိခဲ့တာဖြစ်ပါတယ်။
အတည်ပြုလူနာသစ် ၁၀ ဦးဟာ မင်္ဂလာဒုံမြို့နယ် မှန်ဘီလူးစက်ရုံလုပ်သား ၈ ဦး၊ မြောက်ဥက္ကလာပမြို့နယ်က ပြန်လာသူ ၁ ဦး၊ ကိုဗစ်-၁၉ အတည်ပြုလူနာနဲ့ ထိတွေ့ခဲ့သူ ၁ ဦးတို့ဖြစ်ပြီး ကွာရန်တင်းစင်တာတွေမှာ အသွားအလာ ကန့်သတ် စောင့်ကြည့်ထားရှိသူတွေဖြစ်ကြပါတယ်။
အတည်ပြုလူနာသစ် ၁၀ ဦးကို မြို့နယ်တိုင်းရင်းဆေးရုံ၊ မြို့နယ်ပြည်သူ့ဆေးရုံနဲ့ တိုက်နယ်ဆေးရုံတို့မှာ ဆေးကုသပေးနေပြီ လူနာအားလုံးဟာ ရောဂါလက္ခဏာမပြဘဲ အခြေအနေကောင်းတယ်လို့ ညောင်လေးပင်မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသောင်းဒန်ဦးက ဒီဗွီဘီကို ပြောပါတယ်။
ညောင်လေးပင်မြို့နယ် ကွာရန်တင်းစင်တာ ၄၀ ကျော်ရှိ လူတွေကို ဓာတ်ခွဲနမူနာပေးပို့ စစ်ဆေးနေတာဖြစ်ပြီး ကိုဗစ်-၁၉ အတည်ပြုလူနာတွေ ထပ်တွေ့လာပါက ဆေးရုံမှာ နေရာအခက်အခဲရှိလာနိုင်တာကြောင့် ယာယီဆေးရုံ အရေးပေါ် လိုအပ်နေတယ်လို့ ဆိုပါတယ်။
မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသောင်းဒန်ဦးက “ဒီနေ့နဲ့နောက်ရက်တွေ့မှာ ဓာတ်ခွဲနမူနာ ထပ်ပို့လို့ လူနာတွေ ထပ်တိုးလာပါက နေရာအခက်အခဲရှိလာနိုင်တယ်။ မနေ့ကတခါ အစည်းအဝေး လုပ်တယ်။ ဒီနေ့လည်း အစည်းအဝေးထပ်လုပ်ပြီးရင်တော့ သာသနာ့ဗိမ္မာန်၊ ဒါမှမဟုတ်ရင် အားကစားရုံပေါ့၊ အားကစားရုံတော့ ဖြစ်ဖို့ များပါတယ်။ ယာယီဆေးရုံဆောက်ဖို့လေ၊ အရေးပေါ်တော့ လုပ်ရမှာပေါ့။”
ညောင်လေးပင်မြို့နယ်မှာ ကိုဗစ်ဒုတိယလှိုင်းကာလ စက်တင်ဘာ ၂၆ ရက်နေ့ကစပြီး ဒီနေ့အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၉ ဦးထိ ရှိလာနေပြီး ၁ ဦးက ဆေးရုံဆင်းခွင့် ရရှိထားတယ်လို့ သိရပါတယ်။
No comments:
Post a Comment