ကင္ဆာေရာဂါ ခံစားေနရတဲ့ အဆိုေတာ္ မီးမီးခဲဟာ ဩစေတးလ်နိဳင္ငံမွာ ဒီကေန႕ ေအာက္တိုဘာ ၁၆ ရက္ေန႕ ေဒသစံေတာ္ခ်ိန္ ည ၉ နာရီ ၃၁ မိနစ္မွာ ကြယ္လြန္သြားၿပီလို႔ သိရပါတယ္။
မီးမီးခဲဟာ ကြယ္လြန္ခ်ိန္မွာေတာ့ အသက္ ၃၇ ႏွစ္အ႐ြယ္ရွိ ေနၿပီျဖစ္ၿပီး သူကြယ္လြန္သြားတဲ့အေၾကာင္းနဲ႕ ပတ္သက္လို႔အဆိုေတာ္ စံပီးက သူ႕ရဲ႕ ေဖ့စ္ဘြတ္ခ္လူမႈကြန္ရက္ ေပၚကတဆင့္ ခုလိုေရးသားၿပီး ပရိသတ္ေတြကို အသိေပးမွ်ေဝထားခဲ့ပါတယ္။
“က်ေနာ္တို႔ခ်စ္တဲ့ မီးမီးခဲ… Australia Time 9:31 pm မွာ ခရစ္ေတာ္၌ အိပ္ ေပ်ာ္သြားပါၿပီ။ မဆုံးခင္ဆုေတာင္းေပးခြင့္ရခဲ့ပါတယ္။ R I P”
ခရစ္ယာန္ေတးဂီတပညာရွင္မ်ားမိတ္သဟာယအဖြဲ႕(Christian-Musician-Fellowship) ရဲ႕ ေဖ့စ္ဘြတ္ခ္လူမႈကြန္ရက္ေပၚမွာေတာ့ “ေတးသံရွင္ မီးမီးခဲ ခရစ္ ေတာ္၌ အိပ္ေပ်ာ္သြားေၾကာင္း ၾကားသိရတဲ့အတြက္ မိသားစုႏွင့္အတူ ဝမ္းနည္းမိပါသည္ ဘုရားသခင္ထံမွ ၿငိမ္သက္ျခင္းရရွိပါေစေၾကာင္း ဆုေတာင္းေပးပါတယ္”လို႔ ေရးသားထားခဲ့တာပါ။
‘အခ်စ္ကိုသိခ်ိန္’၊ ‘ငါ့အေၾကာင္းနဲ႕ငါ့ကံ’စတဲ့ သီခ်င္းေတြနဲ႕ ပရိသတ္ေတြၾကား ေရပန္းစားခဲ့တဲ့ အဆိုေတာ္ မီးမီးခဲဟာ ကြယ္လြန္သူ ေတးေရးဂီတပညာရွင္ ေစာဘြဲ႕မႉးရဲ႕ သမီးငယ္ ျဖစ္ၿပီး အဆိုေတာ္ ကဗ်ာဘြဲ႕မႉးရဲ႕ ညီမငယ္ ျဖစ္ပါတယ္။
သူဟာ ၂၀၁၉ ခုႏွစ္အတြင္းက ကင္ဆာေရာဂါကို ျပင္းျပင္းထန္ထန္ ခံစားခဲ့ရၿပီး ေနာက္ ကင္ဆာအဆင့္ ၄ အထိ ေရာက္ရွိခဲ့ၿပီး ၾသစေၾတးလ်နိဳင္ငံမွာ ေနထိုင္ကာ ေဆးကုသမႈ ခံယူေနခဲ့တာျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ ဇူလိုင္လတုန္းကေတာ့ မီးမီးခဲ ကြယ္လြန္သြားခဲ့ၿပီဆိုတဲ့ သတင္းမွားေတြလည္း အင္တာနက္လူမႈကြန္ရက္စာမ်က္ႏွာေတြေပၚမွာ ပ်ံ့ႏွံ႕ခဲ့ပါေသးတယ္။
‘မီးမီးခဲ – BACK TO YOU’ လို႔ အမည္ေပးထားတဲ့ သူ႕ရဲ႕ တကိုယ္ေတာ္ ေတး ဂီတေဖ်ာ္ေျဖပြဲကို ၿပီးခဲ့တဲ့ ဇန္နဝါရီ ၁၁ ရက္ေန႕တုန္းက ရန္ကုန္ၿမိဳ႕၊ ေတာ္ဝင္ဂါးဒင္း ဟိုတယ္မွာ ျပဳလုပ္ခဲ့ၿပီး ရရွိတဲ့ေငြေတြကို ကင္ဆာေဝဒနာရွင္ေတြအတြက္ လႉဒါန္းခဲ့ပါ တယ္။
လတ္တေလာမွာေတာ့ ပရိသတ္ေတြၾကား ေအာင္ျမင္တဲ့ ေတးသီခ်င္းေပါင္းမ်ား စြာကို သီဆိုခဲ့တဲ့ မီးမီးခဲရဲ႕ နာေရးသတင္းအေပၚ အႏုပညာအသိုင္းအဝိုင္းကေရာ၊ ပရိသတ္ေတြကပါ ဝမ္းနည္းစိတ္မေကာင္းျဖစ္ရေၾကာင္း အင္တာနက္လူမႈကြန္ရက္စာမ်က္ ႏွာေတြေပၚမွာ ေရးသားေနၾကပါတယ္။
မီးမီးခဲဟာ ကွယ်လွန်ချိန်မှာတော့ အသက် ၃၇ နှစ်အရွယ်ရှိ နေပြီဖြစ်ပြီး သူကွယ်လွန်သွားတဲ့အကြောင်းနဲ့ ပတ်သက်လို့အဆိုတော် စံပီးက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက် ပေါ်ကတဆင့် ခုလိုရေးသားပြီး ပရိသတ်တွေကို အသိပေးမျှဝေထားခဲ့ပါတယ်။
“ကျနော်တို့ချစ်တဲ့ မီးမီးခဲ… Australia Time 9:31 pm မှာ ခရစ်တော်၌ အိပ် ပျော်သွားပါပြီ။ မဆုံးခင်ဆုတောင်းပေးခွင့်ရခဲ့ပါတယ်။ R I P”
ခရစ်ယာန်တေးဂီတပညာရှင်များမိတ်သဟာယအဖွဲ့(Christian-Musician-Fellowship) ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်မှာတော့ “တေးသံရှင် မီးမီးခဲ ခရစ် တော်၌ အိပ်ပျော်သွားကြောင်း ကြားသိရတဲ့အတွက် မိသားစုနှင့်အတူ ဝမ်းနည်းမိပါသည် ဘုရားသခင်ထံမှ ငြိမ်သက်ခြင်းရရှိပါစေကြောင်း ဆုတောင်းပေးပါတယ်”လို့ ရေးသားထားခဲ့တာပါ။
‘အချစ်ကိုသိချိန်’၊ ‘ငါ့အကြောင်းနဲ့ငါ့ကံ’စတဲ့ သီချင်းတွေနဲ့ ပရိသတ်တွေကြား ရေပန်းစားခဲ့တဲ့ အဆိုတော် မီးမီးခဲဟာ ကွယ်လွန်သူ တေးရေးဂီတပညာရှင် စောဘွဲ့မှူးရဲ့ သမီးငယ် ဖြစ်ပြီး အဆိုတော် ကဗျာဘွဲ့မှူးရဲ့ ညီမငယ် ဖြစ်ပါတယ်။
သူဟာ ၂၀၁၉ ခုနှစ်အတွင်းက ကင်ဆာရောဂါကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရပြီး နောက် ကင်ဆာအဆင့် ၄ အထိ ရောက်ရှိခဲ့ပြီး သြစတြေးလျနိုင်ငံမှာ နေထိုင်ကာ ဆေးကုသမှု ခံယူနေခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လတုန်းကတော့ မီးမီးခဲ ကွယ်လွန်သွားခဲ့ပြီဆိုတဲ့ သတင်းမှားတွေလည်း အင်တာနက်လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့ခဲ့ပါသေးတယ်။
‘မီးမီးခဲ – BACK TO YOU’ လို့ အမည်ပေးထားတဲ့ သူ့ရဲ့ တကိုယ်တော် တေး ဂီတဖျော်ဖြေပွဲကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ ရက်နေ့တုန်းက ရန်ကုန်မြို့၊ တော်ဝင်ဂါးဒင်း ဟိုတယ်မှာ ပြုလုပ်ခဲ့ပြီး ရရှိတဲ့ငွေတွေကို ကင်ဆာဝေဒနာရှင်တွေအတွက် လှူဒါန်းခဲ့ပါ တယ်။
လတ်တလောမှာတော့ ပရိသတ်တွေကြား အောင်မြင်တဲ့ တေးသီချင်းပေါင်းများ စွာကို သီဆိုခဲ့တဲ့ မီးမီးခဲရဲ့ နာရေးသတင်းအပေါ် အနုပညာအသိုင်းအဝိုင်းကရော၊ ပရိသတ်တွေကပါ ဝမ်းနည်းစိတ်မကောင်းဖြစ်ရကြောင်း အင်တာနက်လူမှုကွန်ရက်စာမျက် နှာတွေပေါ်မှာ ရေးသားနေကြပါတယ်။
No comments:
Post a Comment