၂၀၂၀ ရွေးကောက်ပွဲ မကျင်းပနိုင်သည့် နယ်မြေများကြေညာ

အောက်တွင်ယူနီကုဒ်ဖြစ် ဖတ်ရန်

၂၀၂၀ နိုဝင္ဘာ ၈ ရက္ေန႕မွာ အေထြေထြေ႐ြးေကာက္ပြဲ က်င္းပနိုင္ျခင္းမရွိတဲ့ နယ္ေျမေတြကို ျပည္ေထာင္စုေ႐ြးေကာက္ပြဲ ေကာ္မရွင္က ေအာက္တိုဘာ ၁၆ ရက္ေန႕စြဲနဲ႕ ထုတ္ျပန္ ေၾကညာလိုက္ပါတယ္။

လြတ္လပ္ၿပီး တရားမွ်တဲ့ေ႐ြးေကာက္ပြဲက်င္းပဖို႔ အေျခအေနမရွိလို႔ မက်င္းပနိုင္တဲ့ မဲဆႏၵ နယ္ေျမေတြထဲမွာ ကခ်င္ျပည္နယ္၊ ကရင္ျပည္နယ္၊ မြန္ျပည္နယ္၊ ရွမ္းျပည္နယ္၊ ရခိုင္ျပည္နယ္နဲ႕ ပဲခူးတိုင္းေဒသႀကီးအတြင္းက ေက်း႐ြာအုပ္စုတခ်ိဳ႕ ပါဝင္ပါတယ္။

ကခ်င္ျပည္နယ္မွာေတာ့ ေခါင္လန္ဖူး၊ ဆြမ္ပရာဘြမ္၊ မခ်မ္းေဘာ၊ မံစီ၊ မိုးေမာက္၊ ေ႐ႊကူ၊ ခ်ီေဖြ၊ ေဆာ့ေလာ္၊ တနိုင္း၊ ဝိုင္းေမာ္နဲ႕ အင္ဂ်န္းယန္ ၿမိဳ႕နယ္ထဲက ေက်း႐ြာအုပ္စုတခ်ိဳ႕ ပါဝင္ပါတယ္။

ကရင္ျပည္နယ္မွာေတာ့ ေကာ့ကရိတ္၊ ၾကာအင္းဆိပ္ႀကီး၊ ဖာပြန္၊ ဘားအံ ၊ သံေတာင္ႀကီးနဲ႕ ျမဝတီၿမိဳ႕နယ္ထဲက ေက်း႐ြာအုပ္စုတခ်ိဳ႕ပါဝင္ပါတယ္။

ရခိုင္ျပည္နယ္မွာေတာ့ ေပါက္ေတာ၊ ပုဏၰာကြၽန္း၊ ရေသ့ေတာင္၊ ဘူးသီးေတာင္၊ ေမာင္ေတာ၊ ေက်ာက္ေတာ္၊ မင္းျပား၊ ေျမပုံနဲ႕ ေျမာက္ဦး ၿမိဳ႕နယ္ တစ္ခုနဲ႕ ေက်ာက္ျဖဴ၊ အမ္း၊ စစ္ေတြနဲ႕ ေတာင္ကုတ္ၿမိဳ႕နယ္ေတြထဲက ေက်း႐ြာအုပ္စုတခ်ိဳ႕ပါဝင္ပါတယ္။

ရွမ္းျပည္နယ္မွာေတာ့ မိုင္းလား၊ ပန္ဆမ္း (ပန္ခမ္း) ၊ နားဖန္း၊ မိုင္းေမာ၊ ပန္ဝိုင္၊ မိုင္းကိုင္ၿမိဳ႕နယ္ တစ္ခုလုံးနဲ႕ ေက်ာက္မဲ၊ ေနာင္ခ်ိဳ၊ နမ့္ဆန္၊ မန္တုံ၊ မိုင္းခတ္၊ မိုင္းယန္း၊ မိုင္းျဖတ္၊ မိုင္းေယာင္း၊ ကြတ္ခိုင္၊ မူဆယ္၊ မက္မန္း၊ တန႔္ယန္း၊ လားရွိုး၊ ကြမ္းလုံ၊ ကုန္းၾကမ္းနဲ႕ ဟိုပန္ၿမိဳ႕နယ္ထဲက ေက်း႐ြာအုပ္စုတခ်ိဳ႕ပါဝင္ပါတယ္။

မြန္ျပည္နယ္ထဲမွာေတာ့ ဘီးလင္းၿမိဳ႕နယ္က ေဘာေနာ္ခီး ေက်း႐ြာအုပ္စု ပါဝင္ၿပီး ပဲခူးတိုင္းထဲမွာေတာ့ ေက်ာက္ႀကီးၿမိဳ႕နယ္က ေက်း႐ြာအုပ္စု ၁၂ အုပ္စုနဲ႕ ေ႐ႊက်င္ၿမိဳ႕နယ္ထဲက ေက်း႐ြာအုပ္စု ၃၀ ပါဝင္ပါတယ္။ 

အဆိုပါ ေ႐ြးေကာက္ပြဲ က်င္းပနိုင္ျခင္းမရွိတဲ့ ၿမိဳ႕နယ္အလိုက္ ရပ္ကြက္/ ေက်း႐ြာအုပ္စု ေတြရဲ႕အမည္ အေသးစိတ္ကို ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က သီးျခားထုတ္ျပန္ထားၿပီး https://www.uec.gov.mm/ ဝက္ဆိုက္မွာလည္း ဝင္ေရာက္ၾကည့္ရႈစစ္ေဆးနိုင္ပါတယ္။

ယူနီကုဒ်ဖြစ်ဖတ်ရန်

၂၀၂၀ နိုဝင်ဘာ ၈ ရက်နေ့မှာ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိတဲ့ နယ်မြေတွေကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က အောက်တိုဘာ ၁၆ ရက်နေ့စွဲနဲ့ ထုတ်ပြန် ကြေညာလိုက်ပါတယ်။

လွတ်လပ်ပြီး တရားမျှတဲ့ရွေးကောက်ပွဲကျင်းပဖို့ အခြေအနေမရှိလို့ မကျင်းပနိုင်တဲ့ မဲဆန္ဒ နယ်မြေတွေထဲမှာ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ပဲခူးတိုင်းဒေသကြီးအတွင်းက ကျေးရွာအုပ်စုတချို့ ပါဝင်ပါတယ်။

ကချင်ပြည်နယ်မှာတော့ ခေါင်လန်ဖူး၊ ဆွမ်ပရာဘွမ်၊ မချမ်းဘော၊ မံစီ၊ မိုးမောက်၊ ရွှေကူ၊ ချီဖွေ၊ ဆော့လော်၊ တနိုင်း၊ ဝိုင်းမော်နဲ့ အင်ဂျန်းယန် မြို့နယ်ထဲက ကျေးရွာအုပ်စုတချို့ ပါဝင်ပါတယ်။

ကရင်ပြည်နယ်မှာတော့ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ ဖာပွန်၊ ဘားအံ ၊ သံတောင်ကြီးနဲ့ မြဝတီမြို့နယ်ထဲက ကျေးရွာအုပ်စုတချို့ပါဝင်ပါတယ်။

ရခိုင်ပြည်နယ်မှာတော့ ပေါက်တော၊ ပုဏ္ဏာကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံနဲ့ မြောက်ဦး မြို့နယ် တစ်ခုနဲ့ ကျောက်ဖြူ၊ အမ်း၊ စစ်တွေနဲ့ တောင်ကုတ်မြို့နယ်တွေထဲက ကျေးရွာအုပ်စုတချို့ပါဝင်ပါတယ်။

ရှမ်းပြည်နယ်မှာတော့ မိုင်းလား၊ ပန်ဆမ်း (ပန်ခမ်း) ၊ နားဖန်း၊ မိုင်းမော၊ ပန်ဝိုင်၊ မိုင်းကိုင်မြို့နယ် တစ်ခုလုံးနဲ့ ကျောက်မဲ၊ နောင်ချို၊ နမ့်ဆန်၊ မန်တုံ၊ မိုင်းခတ်၊ မိုင်းယန်း၊ မိုင်းဖြတ်၊ မိုင်းယောင်း၊ ကွတ်ခိုင်၊ မူဆယ်၊ မက်မန်း၊ တန့်ယန်း၊ လားရှိုး၊ ကွမ်းလုံ၊ ကုန်းကြမ်းနဲ့ ဟိုပန်မြို့နယ်ထဲက ကျေးရွာအုပ်စုတချို့ပါဝင်ပါတယ်။

မွန်ပြည်နယ်ထဲမှာတော့ ဘီးလင်းမြို့နယ်က ဘောနော်ခီး ကျေးရွာအုပ်စု ပါဝင်ပြီး ပဲခူးတိုင်းထဲမှာတော့ ကျောက်ကြီးမြို့နယ်က ကျေးရွာအုပ်စု ၁၂ အုပ်စုနဲ့ ရွှေကျင်မြို့နယ်ထဲက ကျေးရွာအုပ်စု ၃၀ ပါဝင်ပါတယ်။ 

အဆိုပါ ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိတဲ့ မြို့နယ်အလိုက် ရပ်ကွက်/ ကျေးရွာအုပ်စု တွေရဲ့အမည် အသေးစိတ်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သီးခြားထုတ်ပြန်ထားပြီး https://www.uec.gov.mm/ ဝက်ဆိုက်မှာလည်း ဝင်ရောက်ကြည့်ရှုစစ်ဆေးနိုင်ပါတယ်။

No comments:

Post a Comment

One Championship ရဲ့ ပါဝါအားအပြင်းဆုံးနဲ့ အကြမ်းဆုံးဆုကိုရရှိခဲ့တဲ့ အောင်လအန်ဆန်း

အောက်တွင်ယူနီကုဒ်ဖြစ် ဖတ်ရန် One Championship ရဲ့ ပါဝါအားအျပင္းဆံုးနဲ႔ အၾကမ္းဆံုးဆုကိုရရိွခဲ့တဲ့ ေအာင္လအန္ဆန္း ပရိတ္သတ္ႀကီးေရ ျမန္မာျပည္သူတိ...