အောက်တွင်ယူနီကုဒ်ဖြစ် ဖတ်ရန်
အင္းစိန္ေထာင္သို႔ ပို႔ေဆာင္ခဲ့ေၾကာင္းႏွင့္ လာမည့္႐ုံးခ်ိန္းကို စက္တင္ဘာ ၂၇ ရက္သို႔ ခ်ိန္းဆိုခဲ့ေၾကာင္း စြပ္စြဲခံရသူဘက္မွ တရားလႊတ္ေတာ္ေရွ႕ေနက ေျပာၾကားခဲ့သည္။ေအာက္တိုဘာ ၃ ရက္ ညပိုင္းက Music Zone KTV ပိုင္ရွင္ႏွင့္ မန္ေနဂ်ာ သဃၤန္ကြၽန္းၿမိဳ႕မရဲစခန္းတြင္ လာေရာက္ အဖမ္းခံခဲ့ေၾကာင္း သဃၤန္းကြၽန္းၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေ႐ႊလွဝင္းက ေျပာၾကားထားသည္။
Music Zone KTV ပိုင္ရွင္ႏွင့္ မန္ေနဂ်ာျဖစ္သူကို ၿမိဳ႕နယ္က်န္းမာေရး ဦးစီးဌာနက တရားလိုျပဳလုပ္ကာ သ ဘာဝေဘး အႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈ ဥပေဒပုဒ္မ ၂၅ ျဖင့္ စက္တင္ဘာ ၃၀ ရက္တြင္ သဃၤန္းကြၽန္းၿမိဳ႕မစခန္းတြင္ အမႈဖြင့္ခဲ့ေၾကာင္း သိရသည္။Music Zone KTV ပိုင္ရွင္မွာ ဦးေဇာ္မင္းဆိုသူျဖစ္ၿပီး မန္ေနဂ်ာမွာ မ်ိဳးေဇာ္ကိုေခၚ ဆိုင္နာမည္ ေက်ာ္ေက်ာ္ ျဖစ္ေၾကာင္း သိရသည္။
သဃၤန္းကြၽန္းၿမိဳ႕နယ္ရွိ Music Zone KTV ပိုင္ရွင္ကို သဘာဝေဘးအႏၲရာယ္ စီမံခန႔္ခြဲမႈ ဥပေဒျဖင့္ တရားစြဲရန္ ၿမိဳ႕နယ္ ကိုဗစ္ေကာ္မတီက ဆုံးျဖတ္ခဲ့ေၾကာင္း သဃၤန္းကြၽန္းၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေ႐ႊလွဝင္းက စက္တင္ဘာ ၁၂ ရက္တြင္ ေျပာၾကားထားသည္။သဃၤန္းကြၽန္းၿမိဳ႕နယ္ရွိ Music Zone KTV မွဆက္စပ္၍ ကိုဗစ္ ၁၉ ေရာဂါပိုးအတည္ျပဳလူနာ ၉၀ ေက်ာ္ ေတြ႕ရွိခဲ့ျခင္းေၾကာင္း သိရသည္
ယူနီကုဒ်ဖြစ် ဖတ်ရန်
Music Zone KTV ပိုင်ရှင်နှင့်မန်နေဂျာကို သဘာဝဘေး အန္တရာယ်ဆိုင်ရာ ပုဒ်မ ၂၅ ဖြင့် တရားစွဲဆိုပြီး အင်းစိန်ထောင်သို့ ပို့ဆောင်
Music Zone KTV ပိုင်ရှင်နှင့် မန်နေဂျာကို သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ ဖြင့် စ တင်တရားစွဲဆိုပြီး အင်းစိန်ထောင်သို့ ပို့ဆောင်ခဲ့ကြောင်း သင်္ဃန်းကျွန်းမြို့နယ် တရားရုံးမှ သိရသည်။အောက်တိုဘာ ၁၆ ရက်ရုံးတွင် Music Zone KTV ပိုင်ရှင် ဦးဇော်မင်းနှင့် မန်နေဂျာဖြစ်သူ မျိုးဇော်ကို ရုံးထုတ်ခဲ့ပြီး မြို့နယ်တရားရုံးက သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ ဖြင့် တရားစွဲဆိုပြီ
အင်းစိန်ထောင်သို့ ပို့ဆောင်ခဲ့ကြောင်းနှင့် လာမည့်ရုံးချိန်းကို စက်တင်ဘာ ၂၇ ရက်သို့ ချိန်းဆိုခဲ့ကြောင်း စွပ်စွဲခံရသူဘက်မှ တရားလွှတ်တော်ရှေ့နေက ပြောကြားခဲ့သည်။အောက်တိုဘာ ၃ ရက် ညပိုင်းက Music Zone KTV ပိုင်ရှင်နှင့် မန်နေဂျာ သင်္ဃန်ကျွန်းမြို့မရဲစခန်းတွင် လာရောက် အဖမ်းခံခဲ့ကြောင်း သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရွှေလှဝင်းက ပြောကြားထားသည်။
Music Zone KTV ပိုင်ရှင်နှင့် မန်နေဂျာဖြစ်သူကို မြို့နယ်ကျန်းမာရေး ဦးစီးဌာနက တရားလိုပြုလုပ်ကာ သ ဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ ဖြင့် စက်တင်ဘာ ၃၀ ရက်တွင် သင်္ဃန်းကျွန်းမြို့မစခန်းတွင် အမှုဖွင့်ခဲ့ကြောင်း သိရသည်။Music Zone KTV ပိုင်ရှင်မှာ ဦးဇော်မင်းဆိုသူဖြစ်ပြီး မန်နေဂျာမှာ မျိုးဇော်ကိုခေါ် ဆိုင်နာမည် ကျော်ကျော် ဖြစ်ကြောင်း သိရသည်။
သင်္ဃန်းကျွန်းမြို့နယ်ရှိ Music Zone KTV ပိုင်ရှင်ကို သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေဖြင့် တရားစွဲရန် မြို့နယ် ကိုဗစ်ကော်မတီက ဆုံးဖြတ်ခဲ့ကြောင်း သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရွှေလှဝင်းက စက်တင်ဘာ ၁၂ ရက်တွင် ပြောကြားထားသည်။သင်္ဃန်းကျွန်းမြို့နယ်ရှိ Music Zone KTV မှဆက်စပ်၍ ကိုဗစ် ၁၉ ရောဂါပိုးအတည်ပြုလူနာ ၉၀ ကျော် တွေ့ရှိခဲ့ခြင်းကြောင်း သိရသည်။
Credit





No comments:
Post a Comment