သွားကြိတ်ခြင်းကို ဟန့်တားပေးနိုင်တဲ့ အကောင်းဆုံးနည်းလမ်းများ


အရြယ္ေရာက္ၿပီးသားလူ ၅ေယာက္မွာ ၁ေယာက္ဟာ သြားၾကိတ္ၾကပါတယ္။ ကမာၻ႔လူဦးေရရဲ႕ ၂၀ရာခိုင္ႏႈန္းေသာလူေတြဟာ သြားၾကိတ္ၾကပါတယ္။ သြားၾကိတ္တာကို အိပ္ေနတဲ့အခ်ိန္မွာ ျပဳလုပ္ၾကတဲ့အတြက္ သြားမၾကိတ္ေအာင္ ျပင္ဖို႔ဆိုတာ ခက္ခဲပါတယ္။ ဒါေပမဲ့ မျပင္ဘူးဆိုၿပီး ဒီတိုင္းထားရင္လည္း ေရရွည္မွာက်န္းမာေရးျပႆနာေတြျဖစ္လာႏိုင္ပါတယ္။ ဒါေၾကာင့္ သြားၾကိတ္ျခင္းကို ရပ္တန္႔ေစႏိုင္မယ့္နည္းလမ္းေတြကို insider သတင္းကတဆင့္ ေဖာ္ျပေပးလိုက္ပါတယ္။

ခံတြင္းအထိန္းအသံုးျပဳျခင္း

သြားၾကိတ္ျခင္းအတြက္ လူသံုးအမ်ားဆံုးက ပါးစပ္အထိန္းပါ။ ပါးစပ္္အထိန္းတပ္ထားလို႔ သြားမၾကိတ္တာေတာ့ မဟုတ္ပါဘူး။ ဒါေပမဲ့ သြားၾကိတ္ျခင္းကေန ျဖစ္လာတဲ့ဆိုးက်ိဳးေတြကိုေတာ့ ကာကြယ္ေပးပါတယ္။ ခံတြင္းအထိန္းေတြကို ညအခ်ိန္မွာသာ အသံုးမ်ားၾကပါတယ္။ ကိုယ့္ရဲ႕ သြားပံုစံအတိုင္းနဲ႔ သြားေဆးခန္းမွာ ခံတြင္းအထိန္းလုပ္ႏိုင္ပါတယ္။

သြားညွိျခင္း

တစ္ခါတစ္ေလသြားမညီတဲ့အခါမွာလည္း သြားၾကိတ္တတ္ပါတယ္။ တကယ္လို႔သာ သြားၾကိတ္တာက သြားမညီတာေၾကာင့္ဆိုရင္ေတာ့ သြားမ်က္ႏွာျပင္ေတြညီေအာင္ ညိွေပးတဲ့အခါ သက္သာသြားတတ္ပါတယ္။

Botox ထိုးျခင္း

Botox ဟာ သြားၾကိတ္တာကိုျဖစ္ေပၚေစတဲ့ ၾကြက္သားေတြရဲ႕လႈပ္ရွားမႈကို ကန္႔သတ္ေပးပါတယ္။ Botox ထိုးျခင္းဟာ autism ေဝဒနာသည္ေတြအတြက္ေတာ့ အဆင္ေျပေစပါတယ္။ ဒါေပမဲ့ ရလဒ္က ေရတုိအက်ိဳးပဲရွိပါတယ္။ Botox တစ္ခါထိုးရင္ ၃လကေန ၆လအထိခံပါတယ္။ Botox ကို အႏ ၱရာယ္မရွိဘူးထင္ၾကေပမယ့္ သူ႔မွာ ၾကြက္သားေတြအားနည္းလာတာမ်ိဳး၊ အစားအေသာက္ၿမိဳခ်ရတာ ခက္ခဲလာတာမ်ိဳးစတဲ့ ဆိုးက်ိဳးေတြရွိေနပါေသးတယ္

ၾကြက္သားေျဖေလ်ာ့ေဆးမ်ား မွီဝဲျခင္း

ဆရာဝန္ခြင့္ျပဳထားတဲ့ ၾကြက္သားေျဖေလ်ာ့ေဆးေတြကေတာ့ ညအခ်ိန္ သြားၾကိတ္တာကို သက္သာေစပါတယ္။ ဒီေဆးေတြကို ေန႔ဘက္မွာအသံုးျပဳဖု႔ိအတြက္ မသင့္ေတာ္ပါဘူး။ ဒီေဆးေတြကို ေရရွည္အသံုးျပဳတဲ့အခါ ဘာျဖစ္မလဲဆုိတဲ့ သုေတသနခ်က္မွာ အားနည္းေနပါတယ္။ ဒါေၾကာင့္ ေဆးကိုမွီဝဲမယ္ဆိုရင္လည္း ဆရာဝန္ရဲ႕အရင္တိုင္ပင္ေဆြးေႏြးသင့္ပါတယ္။

စိတ္ဖိစီးမႈမျဖစ္ေအာင္ေနထိုင္ျခင္း

စိတ္ဖိစီးမႈမ်ားျခင္းေၾကာင့္ သြားၾကိတ္ အံၾကိတ္တာေတြျဖစ္ႏိုင္ပါတယ္။ စိတ္္ဖိစိးမႈေတြေျပေပ်ာက္ဖုိ႔အတြက္ ေအရိုးဗစ္ကစားတာလိုမ်ိဳး၊ ေျပးတာစက္ဘီးနင္းတာစတဲ့ေလ့က်င့္ခန္းမ်ိဳးေတြ၊ တရားထို္င္တာ၊ စိတ္က်န္းမာေရးဆရာဝန္နဲ႔ သြားေရာက္ေတြ႔ဆံုတာမ်ိဳးေတြ လုပ္ႏိုင္ပါေသးတယ္။

ယူနီကုဒ်ဖြစ် ဖတ်ရန်

အရွယ်ရောက်ပြီးသားလူ ၅ယောက်မှာ ၁ယောက်ဟာ သွားကြိတ်ကြပါတယ်။ ကမ္ဘာ့လူဦးရေရဲ့ ၂၀ရာခိုင်နှုန်းသောလူတွေဟာ သွားကြိတ်ကြပါတယ်။ သွားကြိတ်တာကို အိပ်နေတဲ့အချိန်မှာ ပြုလုပ်ကြတဲ့အတွက် သွားမကြိတ်အောင် ပြင်ဖို့ဆိုတာ ခက်ခဲပါတယ်။ ဒါပေမဲ့ မပြင်ဘူးဆိုပြီး ဒီတိုင်းထားရင်လည်း ရေရှည်မှာကျန်းမာရေးပြဿနာတွေဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် သွားကြိတ်ခြင်းကို ရပ်တန့်စေနိုင်မယ့်နည်းလမ်းတွေကို insider သတင်းကတဆင့် ဖော်ပြပေးလိုက်ပါတယ်။

ခံတွင်းအထိန်းအသုံးပြုခြင်း

သွားကြိတ်ခြင်းအတွက် လူသုံးအများဆုံးက ပါးစပ်အထိန်းပါ။ ပါးစပ်အထိန်းတပ်ထားလို့ သွားမကြိတ်တာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ သွားကြိတ်ခြင်းကနေ ဖြစ်လာတဲ့ဆိုးကျိုးတွေကိုတော့ ကာကွယ်ပေးပါတယ်။ ခံတွင်းအထိန်းတွေကို ညအချိန်မှာသာ အသုံးများကြပါတယ်။ ကိုယ့်ရဲ့ သွားပုံစံအတိုင်းနဲ့ သွားဆေးခန်းမှာ ခံတွင်းအထိန်းလုပ်နိုင်ပါတယ်။

သွားညှိခြင်း

တစ်ခါတစ်လေသွားမညီတဲ့အခါမှာလည်း သွားကြိတ်တတ်ပါတယ်။ တကယ်လို့သာ သွားကြိတ်တာက သွားမညီတာကြောင့်ဆိုရင်တော့ သွားမျက်နှာပြင်တွေညီအောင် ညှိပေးတဲ့အခါ သက်သာသွားတတ်ပါတယ်။

Botox ထိုးခြင်

Botox ဟာ သွားကြိတ်တာကိုဖြစ်ပေါ်စေတဲ့ ကြွက်သားတွေရဲ့လှုပ်ရှားမှုကို ကန့်သတ်ပေးပါတယ်။ Botox ထိုးခြင်းဟာ autism ဝေဒနာသည်တွေအတွက်တော့ အဆင်ပြေစေပါတယ်။ ဒါပေမဲ့ ရလဒ်က ရေတိုအကျိုးပဲရှိပါတယ်။ Botox တစ်ခါထိုးရင် ၃လကနေ ၆လအထိခံပါတယ်။ Botox ကို အန္တရာယ်မရှိဘူးထင်ကြပေမယ့် သူ့မှာ ကြွက်သားတွေအားနည်းလာတာမျိုး၊ အစားအသောက်မြိုချရတာ ခက်ခဲလာတာမျိုးစတဲ့ ဆိုးကျိုးတွေရှိနေပါသေးတယ်။

ကြွက်သားဖြေလျော့ဆေးများ မှီဝဲခြင်း

ဆရာဝန်ခွင့်ပြုထားတဲ့ ကြွက်သားဖြေလျော့ဆေးတွေကတော့ ညအချိန် သွားကြိတ်တာကို သက်သာစေပါတယ်။ ဒီဆေးတွေကို နေ့ဘက်မှာအသုံးပြုဖုိ့အတွက် မသင့်တော်ပါဘူး။ ဒီဆေးတွေကို ရေရှည်အသုံးပြုတဲ့အခါ ဘာဖြစ်မလဲဆိုတဲ့ သုတေသနချက်မှာ အားနည်းနေပါတယ်။ ဒါကြောင့် ဆေးကိုမှီဝဲမယ်ဆိုရင်လည်း ဆရာဝန်ရဲ့အရင်တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

စိတ်ဖိစီးမှုမဖြစ်အောင်နေထိုင်ခြင်း

စိတ်ဖိစီးမှုများခြင်းကြောင့် သွားကြိတ် အံကြိတ်တာတွေဖြစ်နိုင်ပါတယ်။ စိတ်ဖိစိးမှုတွေပြေပျောက်ဖို့အတွက် အေရိုးဗစ်ကစားတာလိုမျိုး၊ ပြေးတာစက်ဘီးနင်းတာစတဲ့လေ့ကျင့်ခန်းမျိုးတွေ၊ တရားထိုင်တာ၊ စိတ်ကျန်းမာရေးဆရာဝန်နဲ့ သွားရောက်တွေ့ဆုံတာမျိုးတွေ လုပ်နိုင်ပါသေးတယ်။

Credit

No comments:

Post a Comment

One Championship ရဲ့ ပါဝါအားအပြင်းဆုံးနဲ့ အကြမ်းဆုံးဆုကိုရရှိခဲ့တဲ့ အောင်လအန်ဆန်း

အောက်တွင်ယူနီကုဒ်ဖြစ် ဖတ်ရန် One Championship ရဲ့ ပါဝါအားအျပင္းဆံုးနဲ႔ အၾကမ္းဆံုးဆုကိုရရိွခဲ့တဲ့ ေအာင္လအန္ဆန္း ပရိတ္သတ္ႀကီးေရ ျမန္မာျပည္သူတိ...